Innovix HR ၏ အဓိက Features ( ၆ ) ချက်

ဩဂုတ် 25, 2020

လုပ်ငန်းတစ်ခုကို အောင်မြင်အောင် စီမံခန့်ခွဲတဲ့အခါ HR တွေရဲ့ အခန်းကဏ္ဍဟာ မရှိမဖြစ် အရေးပါလှပါတယ်။ အစဥ်ပြောင်းလဲနေတဲ့ နည်းပညာခေတ်မှာ Human Resources ရဲ့ ဆောင်ရွက်ချက်တွေကို ပိုမိုတိုးတက်အောင် Innovix HR နဲ့ အစားထိုးပြောင်းလဲ အသုံးပြုနိုင်ပြီဖြစ်ပါတယ်။

ဒါ့ကြောင့် Innovix HR System ရဲ့ အဓိကကျတဲ့ features တွေကိုဖော်ပြလိုက်ပါတယ် –

🔹Centralized Employee Database
စာရင်းဇယားများအတွက် စာရွက်စာတမ်းများ အသုံးပြုတဲ့အခါ အချိန်ကုန်ကာ အမှားအယွင်းများ ဖြစ်ပေါ်တတ်ပါတယ်။ Innovix HR System မှာဆို centralized employee database ဖြစ်တဲ့အတွက် ဌာနတစ်ခုနဲ့တစ်ခု ချိတ်ဆက်ထားနိုင်ပြီး ပြုပြင်ပြောင်းလဲမှု တစ်ခုပြုလုပ်တိုင်း program အချင်းချင်းချိတ်ဆက်ကာ data များကို အလိုအလျောက် up-to-date ထည့်သွင်း ပြောင်းလဲပေးနိုင်မှာ ဖြစ်ပါတယ်။ 💹

🔹Automated Time Off
ဝန်ထမ်းတစ်ယောက်ချင်းစီရဲ့ အလုပ်လုပ်ချိန်၊ ခွင့်ရက်နဲ့ Over time တွေကို Record မှတ်သားထားပေးတဲ့ အတွက် ကိုယ်တိုင် စာရင်းဇယားမှာ ထည့်သွင်းစရာမလိုတော့ဘဲ အမှားအယွင်းမရှိတဲ့ Report တွေကို system ကနေ အလိုအလျောက် မှန်ကန်တိကျစွာ တွက်ချက်ပေးနိုင်မှာဖြစ်ပါတယ်။

🔹 Employee Self-Service
Internet Connection ရှိတဲ့ မည်သည့်နေရာကမဆို ဝန်ထမ်းက system တွင်းသို့ လွယ်ကူစွာ ဝင်ရောက် အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် HR Mobile App ကနေ Check in,Check Out ပြုလုပ်ခြင်းများ၊Leave Request တောင်းခံခြင်းများ ပြုလုပ်နိုင်ပြီး Income Tax များ၊ employee information များကိုလည်း ကြည့်ရှုနိုင်ပါတယ်။

🔹 HR Reporting
HR တစ်ယောက်အနေနဲ့ ဝန်ထမ်းတွေရဲ့ အချက်အလက်တွေကို စီစစ်ကာ company ရဲ့ စည်းမျဥ်းစည်းကမ်း၊မူဝါဒများကို ပြုပြင်ပြောင်းလဲ လိုတဲ့အခါ ၊ Finger Print မှ Data အချက်အလက်များကို စုဆောင်းပြီး Report တင်ရတဲ့အခါ နဲ့ ဝန်ထမ်းအပြောင်းအလဲ ပြုလုပ်တဲ့အခါ စတာမျိုးတွေမှာ Innovix HR အသုံးပြုပြီး တိကျမြန်ဆန်တဲ့ အစီရင်ခံစာတွေကို ပေးပို့နိုင်မှာဖြစ်ပါတယ်။

🔹Applicant Management
လုပ်ငန်းခွင်မှာလစ်လပ်နေတဲ့ရာထူးနေရာအတွက်ဝန်ထမ်းရွေးချယ်တဲ့အခါ အလုပ်လျှောက်ထားသူက company website မှာ Resume Applicaition တင်သွင်းပြီးတာနဲ့ system ကနေ Applicant Resume များကိုလွယ်ကူစွာ စီစစ်ကြည့်ရှုနိုင်ကာ Shorted Lists များ၊ position နဲ့ကိုက်ညီတဲ့သူများ၊ အလားအလာရှိတဲ့ ဝန်ထမ်းများကို မှန်ကန်စွာ ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။

🔹 Payroll System
လကုန်ရက်နီးလို့ ဝန်ထမ်းတွေရဲ့လစာတွက်ချက်တဲ့အခါ ဝန်ထမ်းတစ်ယောက်ချင်းစီရဲ့ ရုံးတက်ရုံးဆင်းချိန်၊ခွင့်ရက်၊ovetime ကြေး၊ချေးငွေ၊ SSB စတာတွေကိုမှတ်သားထားနိုင်ပြီး payroll module ကနေ click တစ်ချက်နှိပ်လိုက်ရုံနဲ့ အလွယ်တကူ တွက်ချက်နိုင်မှာဖြစ်ပါတယ်။ဒါ့အပြင် ဝန်ထမ်းတွေရဲ့ pay slip ကိုလည်း system ကနေတစ်ဆင့် email ပေးပို့နိုင်ပြီး ဝန်ထမ်းကလည်း မိမိရဲ့ လစာ pay slip ကို mobile phone ကနေလွယ်ကူစွာ စစ်ဆေးကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

ယခုဖော်ပြထားတဲ့ HR Features တွေကတော့ Innovix HR မှာပါဝင်တဲ့ အဓိက လုပ်ဆောင်ချက်တွေဖြစ်ပါတယ်။
Innovix HR က များပြားလှတဲ့ HR Functions တွေကို တစ်နေရာထဲမှာ စုစည်းပေးထားခြင်း၊ User Friendly ဖြစ်၍ အသုံးပြုရလွယ်ကူခြင်း ၊ Mobile App အနေနဲ့ပါ အသုံးပြုနိုင်ခြင်း စတာတွေကြောင့် HR Manager များ,HR Executives များအတွက် မှန်ကန်စွာရွေးချယ် အသုံးပြုရန် သင့်တော်တဲ့ Cloud-Based HR System တစ်ခုဖြစ်ပါတယ်။ 💯

လူကြီးမင်းတို့ရဲ့ လုပ်ငန်းမှာ အသုံးပြုဖို့ HR System ကောင်းတစ်ခု လိုအပ်နေပြီဆိုရင်တော့ Innovix HR ရဲ့ ဖုန်းနံပါတ် ဖြစ်တဲ့ 09 420275783 နဲ့ 09 979172645 ကို ရုံးချိန်အတွင်း ဆက်သွယ်နိုင်ပါတယ်။

ဆက်စပ်ဘလော့ဂ်များ