Digital Transformation for HR (သို့)Human Resource အတွက် အဖြေ
Company တစ်ခု ရဲ့ Productivity တိုးတက်ဖို့အတွက် စွမ်းဆောင်ရည်ပြည့်ဝတဲ့ ဝန်ထမ်းတွေရှာဖွေခန့်အပ်တဲ့အခါမှာ HR တယောက် ရဲ့ အခန်းကဏ္ဍ က အရေးအပါဆုံး ဖြစ်ပါတယ်။ အရည်အချင်း မပြည့်စုံတဲ့ ဝန်ထမ်း ၁ဝယောက် ခန့်ထားတာထက်စာရင် အရည်အချင်းပြည့်ဝတဲ့ Star Performer အနည်းအကျဉ်း ကိုသုံးပြီးလုပ်ငန်းခွင်ရဲ့ ဝန်ထမ်းကုန်ကျစရိတ်ကို လျှော့နည်းအောင် လုပ်သင့်ပါတယ်။ HR တယောက်အနေနဲ့ ကိုယ်ရဲ့ အဖွဲ့အစည်းမှာ ဒီလိုအရည်အချင်းပြည့်ဝတဲ့သူတွေကို ဘယ်လိုရှာမလဲ။ ရှိပြီးသား ဝန်ထမ်းတွေကို ကိုယ့်ရဲ့လုပ်ငန်းမှာ ရေရှည်မြဲနေအောင် ဘယ်လိုထိန်းချုပ်ထားမလဲ။ ဝန်ထမ်းတွေရဲ့ Performance တိုးတက်လာအောင် ဘယ်လို လှုံ့ဆော်မလဲ။
ဒီမေးခွန်းတွေ အတွက် အဖြေကတော့ Digital Transformation ပါ။ ဝန်ထမ်းအချက်အလက်တွေကို စနစ်တကျ သိမ်းဆည်းထားနိုင်မယ်။ ကိုယ့်ဝန်ထမ်းတွေရဲ့ စွမ်းဆောင်ရည်တွေကို စောင့်ကြည့်အကဲဖြတ်နိုင်ပြီး အရည်အချင်းတွေကို ထပ်မံဖြည့်တင်းဖို့ လိုအပ်တဲ့အခါ Training တွေကို ပေးအပ်နိုင်မယ်။ အဲ့ဒီကနေမှတဆင့် ရရှိလာတဲ့ ရလဒ်တွေကို ကိုယ့်ရဲ့ လုပ်ငန်းခွင်ထဲမှာ ဘယ်လောက်ထိအကျိုးရှိရှိအသုံးချနိုင်မလည်းဆိုတာကိုပါ လေ့လာ ဆန်းစစ်နိုင်မှာ ဖြစ်ပါတယ်။
ဒီလိုမျိုး မိမိ လုပ်ငန်းခွင်ထဲမှာ ထပ်ခါတလဲလဲ လုပ်နေရတဲ့ ပုံမှန်အလုပ်တွေကို Digital Automationတွေနဲ့ အစားထိုးလိုက်နိုင်တယ်ဆိုရင် HR တယောက်အနေနဲ့ လုပ်ငန်းခွင်မှာကြုံတွေ့ရလေ့ရှိတဲ့ ခက်ခဲတဲ့အခြေအနေတွေကိုအောင်မြင်စွာကျော်လွှားနိုင်ပြီး မိမိ Company အတွက် အချိန်တိုအတွင်းမှာ အကျိုးရှိစေမှာပါ။ လူ့စွမ်းအားအရင်းအမြစ်ကနေ ရလာတဲ့ ဉာဏစွမ်းအားနဲ့ နည်းပညာရဲ့ အကူအညီပူးပေါင်းလိုက်တဲ့အခါမှာ လုပ်ငန်းတာဝန်တွေ ပြီးမြောက်ဖို့ ပိုပြီး မြန်ဆန်လာတဲ့အပြင် ကိုယ့်ရဲ့ Company တိုးတက်ဖို့အတွက် ထိရောက်ပြီး မဟာဗျူဟာကျတဲ့ ဆုံးဖြတ်ချက်တွေကို ချမှတ်လာနိုင်မှာ ဖြစ်ပါတယ်။
Generation Z တို့ရဲ့ပြိုင်ဆိုင်မှုတွေအရမ်းများလာတဲ့ 21st century မှာ သူများထက် ရှေ့တစ်လှမ်း ရောက်အောင် ကြိုးစားနေရတဲ့ Company တွေအတွက် Work Smart ဖြစ် ဖို့ Digital Solution တစ်ခုတော့ မဖြစ်မနေ လိုအပ်နေပါပြီ။ ဒီလိုမျိုး မိမိတို့ရဲ့ HR Department ကို Digital Transformation လုပ်ချင်တယ်ဆိုရင်တော့ Innovix HR မှ ကူညီနိုင်ပါတယ်။
Innovix HR
Phone Number : 09 974106013, 09 420275783
Email: info@innovix-solutions.com
Office : Diamond Condo,Tower A, Room 403, 4th Floor, Pyay Street, KamaryutTownship, Yangon
#HRMS #HRSystem #InnovixSolutions #InnovixHR