ဝန်ထမ်းရေးရာ လေ့လာဆန်းစစ်မှုတွေ ဆောင်ရွက်နိုင်ဖို့ ကူညီပေးမယ့် Innovix HR
ဩဂုတ် 26, 2020
HR Professional တွေ အနေနဲ့ မိမိ လုပ်ငန်းခွင်မှာ လက်ရှိ တာဝန် ထမ်းဆောင်နေတဲ့ ဝန်ထမ်းတွေ မြဲမြံဖို့၊ ဝန်ထမ်းတွေရဲ့ စွမ်းဆောင်ရည် ပိုမိုတိုးတက်လာစေဖို့၊ လုပ်ငန်းခွင်ရဲ့ Workforce Performance တွေ ကောင်းမွန်ဖို့အတွက် ဝန်ထမ်းရေးရာ လေ့လာဆန်းစစ်မှု (HR Analytics) ကို အစဉ်မပြတ် ပြုလုပ်ကြရပါတယ်။
ဒီလို HR Analytics ပြုလုပ်ဖို့ အတွက် ဝန်ထမ်းတွေရဲ့ မှန်ကန်တိကျတဲ့အချက်အလက်တွေကို အချိန်နဲ့တပြေးညီ ရရှိနိုင်ဖို့က အရေးပါလှပါတယ်။
စွမ်းဆောင်ရည်ပြည့်ဝတဲ့ ဝန်ထမ်းတွေ ပေါ်ထွက်လာဖို့နဲ့ ကောင်းမွန်တဲ့ လုပ်ငန်းခွင်တစ်ခု ဖန်တီးနိုင်ဖို့အတွက် HR Analytics ပြုလုပ်တော့မယ်ဆိုရင် ယေဘုယျ လိုအပ်တဲ့ အချက်အလက်တွေကတော့
(၁) ဝန်ထမ်းတွေရဲ့ ကိုယ်ရေးအချက်အလက်
(၂) ရုံးတက်ရုံးဆင်းချိန်နဲ့ခွင့်ရက် မှတ်တမ်း၊
(၃) ရာထူးအပြောင်းအလဲ၊ အပြောင်းအရွေ့မှတ်တမ်း၊
(၄) Training Record မှတ်တမ်း၊
(၅) လုပ်ဆောင်ခဲ့တဲ့ တာဝန်တွေရဲ့ မှတ်တမ်း၊
(၆) Employee Survey တို့ဖြစ်ပါတယ်။
ယခင် သမာရိုးကျ စီမံခန့်ခွဲမှုစနစ်မှာဆိုရင် အထက်မှာ ဖော်ပြထားခဲ့တဲ့ အချက်အလက်တွေကို ရရှိဖို့အတွက် လိုအပ်တဲ့ အစီရင်ခံစာတွေကို အချိန်မီ မရရှိတဲ့အခါ HR Analytics ပြုလုပ်ဖို့ နှောင့်နှေးရတဲ့ အခက်အခဲတွေကို ရင်ဆိုင်ကြုံတွေ့ရကြရပါတယ်။
ယနေ့ခေတ်မှာတော့ HR Analytics ပြုလုပ်ဖို့ မှန်ကန်တဲ့ Data အချက်အလက်, Employee Insights တွေကို အချိန်နဲ့တပြေးညီရအောင် ဆောင်ရွက်ပေးနိုင်မယ့် HR Software ကောင်းများစွာလည်း ရှိလာပြီမို့ HR Professional တွေ အနေနဲ့ ထိရောက်တဲ့ နည်းဗျူဟာတွေကို မြန်မြန်ဆန်ဆန် ချမှတ်ပြီး အလွယ်တကူ အကောင်အထည်ဖော်နိုင်မှာဖြစ်ပါတယ်။
မှန်ကန်တိကျစွာ ရရှိလာတဲ့ Insights တွေကနေ တစ်ဆင့် ဝန်ထမ်းတွေရဲ့ အားသာချက်၊အားနည်းချက်တွေကို နားလည်သိရှိနိုင်ပြီး လိုအပ်တဲ့ Training တွေကို ထောက်ပံ့ပေးနိုင်ပါတယ်။ ယခုလို HR Analytics တွေ မှန်မှန် လုပ်ဆောင်နိုင်မှသာ ကိုယ့်ရဲ့လုပ်ငန်းခွင်ထဲမှာ အရည်အချင်းပြည့်ဝတဲ့ ဝန်ထမ်းပေါင်းများစွာကို ထိန်းထားနိုင်ပြီး ဝန်ထမ်း မတည်မြဲမှုနှုန်းကို လျှော့ချပေးနိုင်မှာ ဖြစ်ပါတယ်။
Cloud Based HR System ဖြစ်တဲ့ Innovix HR မှာဆိုရင် ဝန်ထမ်းတွေရဲ့ အချက်အလက်တွေကို ရာနှုန်းပြည့် လုံခြုံစိတ်ချစွာ သိမ်းဆည်းထားနိုင်ပြီး People Analytics ပြုလုပ်ဖို့အတွက် လိုအပ်တဲ့ အစီရင်ခံစာ၊ အချက်အလက်တွေကို အချိန်မရွေး ပြန်လည်ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။
HR လုပ်ငန်းစဥ်တွေထဲက အခက်အခဲတွေကို ဖြေရှင်းဖို့နဲ့ လုပ်ငန်းပိုတွင်ကျယ်ဖို့အတွက် အကောင်းဆုံး HR Software တစ်ခုလိုလာပြီဆိုရင်တော့ Innovix HR က အသင့်ရှိနေပါတယ်။