ဝန်ထမ်းနဲ့ HR နှစ်ဦးနှစ်ဖက်လုံးအတွက် အကျိုးရှိစေတဲ့ Innovix HR ရဲ့ Overtime Function ⏰

ဇန်နဝါရီ 22, 2021

လုပ်ငန်းတစ်ခုမှာမိမိရဲ့ဝန်ထမ်းတွေအတွက် လကုန်လို့ Pay Slip တွက်တဲ့အခါခွင့်ရက်၊ရုံးတက်၊ရုံးဆင်းချိန်အပြင်အချိန်ပိုအလုပ်လုပ်ထားတဲ့ ဝန်ထမ်းတွေအတွက် Overtime လုပ်ခလစာကိုလည်းတွက်ချက်ရစမြဲဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့အလုပ်သမားဥပဒေအရ ဝန်ထမ်းတစ်ယောက်ဟာ ပုံမှန်အလုပ်လုပ်ချိန်တစ်နေ့ကို(၈)နာရီကြာမြင့်အောင် အလုပ်လုပ်ရပါတယ်။ အလုပ်ချိန်(၈)နာရီထက်ကျော်လွန်ပီး အလုပ်လုပ်ရတဲ့ ဝန်ထမ်းတွေအတွက် OT ကြေးကို နာရီအလိုက်တွက်ချက်ပေးရပါတယ်။ HR ကဝန်ထမ်းတစ်ယောက်ရဲ့ OT ကြေးကို အခြေခံလစာအပေါ်မူတည်ပြီး အချိန်ပိုဆင်းတဲ့ကြာမြင့်ချိန်နဲ့ တွက်ချက်ပေးတဲ့အခါ ဝန်ထမ်းများလာလေ စာရင်းဇယားက ပိုရှုပ်ထွေးလာလေဖြစ်တဲ့အတွက် Pay Slip နဲ့Overtime ကြေးများကို လိုအပ်တဲ့အချိန်ထက်ပိုမိုကြာမြင့်စွာတွက်ချက်နေရပါတယ်။

ဒီလိုအလုပ်သမားတစ်ယောက်ချင်းစီရဲ့ OT အချိန်ကိုInnovix HR မှာ Click တစ်ချက်နှိပ်လိုက်ရုံနဲ့လွယ်ကူလျင်မြန်စွာတွက်ချက်နိုင်ပါပြီ။

Innovix HR ရဲ့ Overtime Function မှာဆိုရင်ဝန်ထမ်းတွေအနေနဲ့-

◾️ ကိုယ်တိုင်Innovix HR Mobile App ရဲ့ OT Function ကနေ OT Request ကိုသက်ဆိုင်ရာ Department Manager (or) HR ထံတောင်းခံနိုင်ခြင်း

◾️ မိမိတောင်းခံထားတဲ့ OT Request Form ကApprove (သို့)Reject ဖြစ်မဖြစ်ကိုကြည့်ရှုနိုင်ခြင်း

◾️ သက်ဆိုင်ရာ Department Manager (or) HR က OT Request ကိုလက်ခံလိုက်တဲ့အခါ OT Approved List ထဲတွင်မိမိရဲ့ OT Form အဆင်သင့်ရောက်ရှိနေခြင်း

◾️ OT History တွင် မိမိရဲ့အချိန်ပိုအလုပ်လုပ်ချိန်အားလုံးကို နေ့စွဲအလိုက်ပြန်လည်ကြည့်ရှုနိုင်ခြင်း
စတဲ့ Function တွေကိုပြုလုပ်နိုင်မှာဖြစ်ပါတယ်။

ဒါ့အပြင် HR Department အနေနဲ့လည်း

✔️ OT Request တွေကို HR Mobile App ကဖြစ်စေ၊ Web Version ကဖြစ်စေကြည့်ရှုနိုင်ပြီး Approve (or) Reject လုပ်နိုင်ခြင်း

✔️ ဘယ်ဝန်ထမ်းက OT ဘယ်လောက် ကြာအောင် အလုပ်လုပ်ခဲ့လဲဆိုတဲ့ အချက်အလက် တွေကိုအလွယ်တကူကြည့်ရှုနိုင်ခြင်း

✔️ ဝန်ထမ်းတစ်ယောက်ချင်းစီအတွက် အချိန်ပိုအလုပ်လုပ်ချိန်တွေကို တွက်ချက်စရာမလိုတော့ဘဲ System က Auto Record လုပ်ထားတဲ့တိကျတဲ့ OT Report တွေကို လျင်မြန်စွာတွက်ထုတ်ပေးနိုင်ခြင်း
စတဲ့ Function တွေကိုပြုလုပ်နိုင်မှာဖြစ်ပါတယ်။

Innovix HR က HR တစ်ယောက်ရဲ့ တာဝန်တွေအားလုံးကို မြန်ဆန်ချောမွေ့စွာ ပြီးစီးအောင် ကူညီဆောင်ရွက်ပေးတဲ့အပြင် တိကျမှန်ကန်တဲ့ Report တွေကို အချိန်မီထုတ်ပေးနိုင်တဲ့အတွက် စာရွက်စာတမ်း၊ဖိုင်များ၊ Excel Spreadsheet များနဲ့ အချိန်ကုန်အလုပ်ရှုပ်နေစရာ မလိုတော့ဘဲ Overtimeနဲ့ အခြားHR Function တွေအားလုံးကို System ပေါ်ကနေ လျင်မြန်စွာပြုလုပ်နိုင်မှာဖြစ်ပါတယ်။

လူကြီးမင်းတို့ရဲ့လုပ်ငန်းမှာအသုံးပြုနေတဲ့ Human Resources Department ရဲ့ Manual Process တွေအားလုံးကို Digital စနစ်နဲ့ပြောင်းလဲအသုံးပြုနိုင်ဖို့ Innovix HR ကိုဆက်သွယ်နိုင်ပါတယ်။