HR System အသုံးမပြုမီသိထားသင့်သည့် အချက်များ

ဇန်နဝါရီ 22, 2021

HR Professional တစ်ယောက်ရဲ့တာဝန်တွေကို မြန်ဆန်ချောမွေ့စွာ ပြီးစီးအောင် ကူညီဆောင်ရွက်ပေးမယ့် HR System တစ်ခု ကို အသုံးပြုတော့မယ်ဆိုရင် ကြိုတင် သိထားသင့်တဲ့ အချက်များကိုဖော်ပြလိုက်ပါတယ်။ 👩‍💼

ဒီအချက်တွေကို သိထားမှသာ မိမိလုပ်ငန်းနဲ့ကိုက်ညီမယ့် HR System ကိုမှန်ကန်စွာ ရွေးချယ် အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ✅
……………………………………………………..

▪️ သင်သုံးမယ့် HR System က လက်ရှိမြန်မာနိုင်ငံရဲ့HR စည်းမျဥ်းစည်းကမ်းမူဝါဒများနဲ့ ကိုက်ညီမှုရှိမရှိကို အရင်လေ့လာမေးမြန်းရပါမယ်။

▪️ ဒါ့အပြင် သင့်ရဲ့ လုပ်ငန်း စည်းမျဉ်းစည်းကမ်းတွေနဲ့ အညီ လိုအပ်တဲ့ Customization တွေ ပြုလုပ်ပေးနိုင်ခြင်း ရှိမရှိကို သိထားသင့်ပါတယ်။

▪️ မိမိလုပ်ငန်းမှာအသုံးပြုမယ့် HR System က မိမိဝန်ထမ်းများ၊ HR Manager များ အားလုံး အတွက် အသုံးပြုရလွယ်ကူမယ့် UI Interface ဖြစ်မဖြစ် လေ့လာဆန်းစစ်ရပါမယ်။ အသုံးပြုရရှုပ်ထွေးတဲ့ System ဖြစ်နေမယ်ဆိုရင် ဝန်ထမ်းတွေအတွက် အခက်အခဲဖြစ်စေပြီး အချည်းအနှီး ဖြစ်တတ်တာကြောင့် အသုံးပြုရလွယ်ကူမယ့် User Interface Design ဖြစ်ဖို့ အရေးကြီးပါတယ်။

▪️ အချို့ HR software တွေမှာ Onboarding Process, Reporting နဲ့အစီရင်ခံစာပေးပို့ခြင်းများကို Manual ပြုလုပ်နေရဆဲဖြစ်တဲ့အတွက် မိမိသုံးမယ့် HR System က HR process တွေအားလုံးကို Automate Workflow ဖြင့်လည်ပတ်နိုင်ခြင်းရှိမရှိကို သိထားသင့်ပါတယ်။

▪️ HR System ကို အချိန် နေရာဒေသ မရွေး လွယ်ကူစွာ အသုံးပြုနိုင်ဖို့လည်း လိုအပ်တဲ့ အတွက် ကိုယ်အသုံးပြုမယ့် HR System က Computer ပေါ်မှသာမက Mobile ၊ Tablet များတွင်ပါ အသုံးပြုနိုင်ရပါမယ်။

▪️ လုပ်ငန်းဒေတာအချက်အလက်များသိမ်းဆည်းထားရန်System လုံခြုံမှုရှိမရှိ ကလည်း အရေးကြီးတဲ့အတွက် Security ပိုင်းကိုလည်း ဘယ်လိုလုံခြုံမှုပေးနိုင်မလဲဆိုတာ နားလည်သဘောပေါက်ထားသင့်ပါတယ်။
…………………………………………………..

အခုလို မိမိလုပ်ငန်းနဲ့ကိုက်ညီမယ့် တိကျမှန်ကန်တဲ့ HR System တစ်ခုကို အသုံးပြုတော့မယ်ဆိုရင် အချိန်နေရာဒေသမရွေးမှ PC Version & Mobile Version နှစ်မျိုးစလုံး အသုံးပြုနိုင်တဲ့ Cloud-Based Innovix HR System ကို ရွေးချယ်ခြင်းအားဖြင့် လူကြီးမင်းတို့ရဲ့ လုပ်ငန်းမှာ အရေးပါတဲ့ HR Process တွေအားလုံးကို Digital Platform ပေါ်သို့ လွယ်ကူလျှင်မြန်စွာ ပြောင်းလဲနိုင်ပါပြီ။

ဆက်စပ်ဘလော့ဂ်များ