Innovix HR မှာ ခွင့်ရက်တွေကို Digital စနစ်နဲ့ ဘယ်လို စီမံခန့်ခွဲနိုင်သလဲ?
ပထမဆုံးအနေနဲ့ Innovix HR ရဲ့ Leave Module မှာမိမိတို့ ကုမ္ပဏီရဲ့ Leave Policy အလိုက် ဝန်ထမ်းတစ်ယောက်ချင်းစီရဲ့ ခံစားခွင့်ရှိတဲ့ ခွင့်ရက်အမျိုးအစား၊ ရရှိတဲ့ခွင့်ရက်တွေကို သီးသန့်သတ်မှတ်လို့ရပါတယ်။
ဝန်ထမ်းတစ်ယောက်က အကြောင်းတစ်ခုခုကြောင့် ခွင့်ယူဖို့ လိုအပ်လာပြီဆိုရင် Innovix HR ရဲ့ Mobile App ကနေတစ်ဆင့် ကိုယ်လိုချင်တဲ့ ခွင့်အမျိုးအစားတွေကို ရွေးချယ်ယူလို့ရပြီး သက်ဆိုင်ရာ ဌာနအကြီးအကဲကို တိုက်ရိုက်တိုင်ကြားလို့ရမှာဖြစ်ပါတယ်။
ဒါ့အပြင် ဝန်ထမ်းတစ်ယောက်ချင်းစီရဲ့ ကျန်ရှိနေတဲ့ခွင့်ရက်တွေကို System ကနေ အလိုအလျောက် တွက်ချက်ပေးထားတဲ့အတွက် မိုဘိုင်းဖုန်းပေါ်ကနေ ခွင့်ရက် ဘယ်လောက် ကျန်ရှိနေသလဲဆိုတာကို အလွယ်အကူ စစ်ဆေးလို့ရပါတယ်။
HR Manager အနေနဲ့လည်း ဝန်ထမ်းတွေဘက်ကလျှောက်ထားလာတဲ့ ခွင့်တွေကို Mobile App ကနေပဲ လွယ်ကူလျင်မြန်စွာ Approve (or) Reject ပြုလုပ်ပေးနိုင်ပါတယ်။
ခွင့်ရက်တွေကို စိစစ်တဲ့အဆင့်မှာ သက်ဆိုင်ရာ ဌာနအကြီးအကဲက ပထမဆုံး Approve ပေးပြီးမှ HR ဌာနက Approve ပေးလို့ရအောင် အဆင့်နှစ်ဆင့်နဲ့ ဆောင်ရွက်ပေးထားပါတယ်။
လူကြီးမင်းတို့ရဲ့လုပ်ငန်းခွင်ထဲမှာ ခွင့်ရက်စီမံခန့်ခွဲတာကို Digital စနစ်နဲ့ အစားထိုးပြောင်းလဲသုံးစွဲလိုက်မယ်ဆိုရင် Leave Form စာရွက်စာတမ်း သိမ်းဆည်းရတာတွေ၊ Email နဲ့ပို့ပြီး တိုင်ကြားရတဲ့ အလုပ်ပိုတွေကို လျှော့ချပေးနိုင်ပြီး ခေတ်မီတဲ့ လုပ်ငန်းခွင်တစ်ခုဖြစ်လာဖို့ အကောင်အထည်ဖော်နိုင်မှာဖြစ်ပါတယ်။