လျင်မြန်တဲ့လစာတွက်ချက်မှုစနစ်နဲ့ Innovix HR ရဲ့ Payroll System 📑

January 22, 2021

HR System ရဲ့ Payroll Function က လုပ်ငန်းတိုင်းအတွက် မရှိမဖြစ်လိုအပ်တဲ့ Basic HR Function တစ်ခုဖြစ်ပါတယ်။ သို့သော်အချို့ SMEလုပ်ငန်းတွေနဲ့ ဝန်ထမ်းအရေအတွက်နည်းပါးတဲ့ လုပ်ငန်းတွေမှာတော့ Manual စနစ်နဲ့ Payroll Process ကိုကျင့်သုံးနေကြဆဲဖြစ်ပါတယ်။

မိမိရဲ့လုပ်ငန်းကတစ်နေ့တစ်ခြား အရှိန်အဟုန်နဲ့တိုးတက်လာလေ၊ ဝန်ထမ်းအရေအတွက်များလာလေ ဝန်ထမ်းတစ်ယောက်ချင်းစီရဲ့ လုပ်ခ၊ လစာကိုရာထူး position အလိုက် တွက်ချက် ပေးဆောင်ရတဲ့အခါ အမှားအယွင်းမရှိဘဲ တိကျမှန်ကန်တဲ့ Salary ကိုအချိန်မီတွက်ချက်ပေးနိုင်တဲ့ Payroll Function က မရှိမဖြစ် အရေးပါလာပါတယ်။

▪️ Manual စနစ်နဲ့ Payroll ဆောင်ရွက်တဲ့အခါ ဝန်ထမ်းအသစ်ခန့်အပ်တဲ့အခါတိုင်းဝန်ထမ်းရဲ့လစာ၊ Benefits နဲ့ ရာထူးစသည်တို့ကိုထည့်သွင်းပြင်ဆင်ရပြီး Salary ပေးတိုင်း ပြန်လည် တွက်ချက်ရတဲ့အတွက် အချိန်ကို ပိုကြာမြင့်စေပါတယ်။

▪️HR Payroll System မှာဆိုရင် System မှာ Set Up တစ်ခါ ပြုလုပ်ထားရုံနဲ့ ဝန်ထမ်းအသစ်ရဲ့ အချက်အလက် ဒေတာတို့ကို မှတ်သားထားပြီး HR Department တစ်ခုလုံးရဲ့ Process တွေနဲ့ ချိတ်ဆက်ထားတဲ့အတွက်ဝန်ထမ်းတစ်ယောက်ချင်းစီရဲ့ရုံးတက်ရက်၊ခွင့်ရက်နဲ့ Overtime များကို မှတ်သားထားကာ Payroll တွက်ချက်ပေးတဲ့အတွက် လစဥ် Payroll Process အတွက် ပေးရတဲ့အချိန်ကိုသက်သာစေပါတယ်။

▪️စာရွက်စာတမ်း၊ ဖိုင်များသုံးစွဲတဲ့အခါ သတိမမူမိတဲ့ အမှားသေးသေးလေးတွေကနေတစ်ဆင့် Payroll ကို မှားယွင်းစွာတွက်ချက်မိကြပါတယ်။

▪️Innovix HR Payroll မှာတော့ Excel, Spreadsheet သုံးစွဲစရာမလိုတော့ဘဲ System က Auto တွက်ချက်ပေးထားတဲ့ တိကျမှန်ကန်တဲ့ Payslip ကို ဝန်ထမ်းတွေရဲ့ မိုဘိုင်းဖုန်း၊ အီးမေးလ်တို့ထံ တိုက်ရိုက်ပေးပို့နိုင်မှာ ဖြစ်ပါတယ်။

ဝန်ထမ်းတွေရဲ့လစာ၊ချေးငွေနဲ့အကျိုးခံစားခွင့်၊ Tax ၊ SSB စတာတွေကို အမှားအယွင်းမရှိ လျင်မြန်စွာ တွက်ချက်ပေးနိုင်မယ့် HR Payroll System အသုံးပြုတော့မယ်ဆိုရင် လုပ်ငန်းတိုင်း အတွက် မရှိမဖြစ် အရေးပါတဲ့ HR Process တွေ အားလုံးကို တိကျမှန်ကန်စွာ လုပ်ဆောင်ပေးလျက်ရှိတဲ့ Innovix HR ကိုဆက်သွယ်နိုင်ပါတယ်။