Start-Up အချိန်ကနေ Enterprise Level အထိ အကျိုးပြုမယ့် Innovix HR System

January 22, 2021

စီးပွာရေးလုပ်ငန်းတစ်ခု စတင်တည်ထောင်တဲ့အခါ အောင်မြင်မှု ရရှိဖို့အတွက် အချိန်၊လူအင်အားနဲ့များပြားလှတဲ့ Tasks တွေကို စနစ်တကျစီမံခန့်ခွဲနိုင်ခြင်းက အလွန်အရေးကြီးတဲ့အချက်ဖြစ်ပါတယ်။ အစကောင်းမှ အနှောင်းသေချာဆိုသလို မိမိရဲ့လုပ်ငန်း အောင်မြင်လာ တဲ့ တစ်ချိန်မှာ နည်းစနစ်ကျကျ နဲ့ အဆင်သင့်ဖြစ်နေဖို့ Start Up အချိန်ကတည်းက လိုအပ်တဲ့နည်းပညာ Solutions တွေကို ပြင်ဆင်ထားသင့်ပါတယ်။

ဒီလို မိမိရဲ့လုပ်ငန်းကို စနစ်ကျအောင် ပံ့ပိုးပေးမယ့် Solutions တွေ ထဲမှာ HR System ကလည်း တစ်ခု အပါအဝင် ဖြစ်ပါတယ်။

ယနေ့ခေတ် Business တော်တော်များများ မှာ HR Management System ကောင်းတစ်ခု ကို မရှိမဖြစ် အသုံးပြုနေကြပြီ ဖြစ်ပါတယ်။အပြိုင်အဆိုင်များလွန်းတဲ့ စီးပွားရေးလောကမှာ Traditional နည်းလမ်းတွေအသုံးပြုနေဆဲဆို မိမိရဲ့လုပ်ငန်းကသူများထက် နောက်ကျကျန်ခဲ့မှာ အမှန် ပါပဲ။

မိမိလုပ်ငန်းကို အများနည်းတူ တိုးတက်ကောင်းမွန်စွာ လည်ပတ်နိုင်ဖို့နဲ့ မိမိဝန်ထမ်းများကို နည်းစနစ်ကျကျ အချိန်ကုန်သက်သာစွာ စီမံခန့်ခွဲနိုင်ဖို့ HR System တစ်ခု ကို အသုံးပြုမယ်ဆိုရင် Innovix HR က အကောင်းမွန်ဆုံး အကူအညီ ပေးနိုင်ပါတယ်။ Innovix HR ကို Start Up အချိန်ကတည်းက စတင် အသုံးပြုခြင်းဖြင့် ရနိုင်တဲ့ အကျိုးကျေးဇူးတွေကို အောက်မှာ ဖော်ပြလိုက်ပါတယ်။

✅ Reduces Administrative Work
– လေ့လာတွေ့ရှိချက်များအရ တစ်ချိန်တည်းမှာ အလုပ်များစွာလုပ်ကိုင်ခြင်းက Productivity ကိုကျဆင်းစေတတ်တဲ့ ကြီးမှားသောအမှားဖြစ်ပါတယ်။Productivity ကျဆင်းတဲ့အခါ လုပ်ငန်းတွင်းသတိမမူမိတဲ့ အမှားအယွင်းလေးတွေ ဖြစ်တတ်ကြပြီး သေးငယ်တဲ့အမှားတစ်ချက်ကနေ ကြီးမားတဲ့အမှားတွေအထိဖြစ်ပေါ်ကာ Business ကိုထိခိုက်လာတတ်ပါတယ်။ Innovix HR မှာဆို HR တစ်ယောက်ပြုလုပ်ရမယ့် Daily Task များစွာကို Click တစ်ချက်နှိပ်ရုံနဲ့ အမှားအယွင်းမရှိ တိကျ လျင်မြန်စွာ ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။

✅ Enhances Recruitment
– လုပ်ငန်းခွင်မှာ မိမိအလုပ်ကိုတာဝန်ယူမှုရှိပြီး ကြိုးစားတဲ့ဝန်ထမ်းကောင်းတွေရှိခြင်း၊ အလုပ်ကို အားသွန်ခွန်စိုက် ဆောင်ရွက်တတ်ခြင်းတို့က Business တစ်ခုအောင်မြင်စွာလည်ပတ်လာနိုင်မယ့် ခြေလှမ်းကောင်းတွေဖြစ်ပါတယ်။Start Up Business မှာ မိမိရဲ့လုပ်ငန်းခွင်အတွက် အရည်အချင်းရှိတဲ့ ဝန်ထမ်းတွေရှာဖွေခန့်အပ်ဖို့ Paperwork တွေကို အသုံးပြုခြင်းက မလိုအပ်ဘဲ အချိန်ကုန်နှောင့်နှေးစေ တဲ့ အပြင် စနစ်တကျ လည်း ဖြစ်စေမှာ မဟုတ်ပါဘူး။ Innovix HR အသုံးပြုပြီး Recruitment Process ကို လုပ်ဆောင်မယ်ဆို Website ကနေ တဆင့် ဝန်ထမ်းခေါ်ယူနိုင်ခြင်း၊ လျှောက်လွှာများကို System ထဲသို့ အလိုအလျောက် ပေးပို့နိုင်ခြင်း၊ ခေါ်စာ နှင့် အလုပ်ခန့်စာတို့ကို System မှတဆင့် Email ပေးပို့နိုင်ခြင်း၊ ခန့်အပ်လိုက်သော ဝန်ထမ်း အချက်အလက်များကို Employee Database ထဲသို့ သိမ်းဆည်းထားပေးခြင်း စသည်တို့ကို အလွယ်တကူ လုပ်ဆောင်နိုင်ပြီး မိမိကုမ္ပဏီနဲ့ကိုက်ညီမယ့် အရည်အချင်းရှိတဲ့ ဝန်ထမ်းတွေကို ရွေးချယ်ခန့်အပ်နိုင်ပါတယ်။

✅ Is Scalable
– ကုမ္ပဏီတစ်ခုစတင်ချိန်မှာတော့ ဝန်ထမ်းအင်အားနည်းပါးတာကြောင့် Manually စီမံခန့်ခွဲရတာလွယ်ကူနိုင်ပေမယ့် လုပ်ငန်းချဲ့ထွင်လာတာနဲ့အမျှ ဝန်ထမ်းအင်အားများပြီး တာဝန်ယူမှုကြီးစွာ အခက်အခဲတွေကို ပိုမိုရင်ဆိုင်ဖြေရှင်းရစမြဲဖြစ်ပါတယ်။ ဒီအခါမှာ Start Up အချိန်ထဲက HR System သုံးထားခဲ့ရင် ကြုံတွေ့လာရမယ့် အခက်အခဲတွေကို စနစ်တကျ ဖြေရှင်းနိုင်မှာဖြစ်ပါတယ်။ Innovix HR System က Scalable ဖြစ်တဲ့အတွက် သင့် ကုမ္ပဏီ ကြီးထွားလာတာပဲ ဖြစ်စေ၊ လုပ်ငန်းခွဲများ တိုးချဲ့တာပဲ ဖြစ်စေ ၊ Group of Company များ ပေါင်းစပ်တာ ပဲ ဖြစ်စေ အလွယ်တကူ လိုက်ပါ Support ပေးနိုင်ပါတယ်။

လူကြီးမင်းတို့ရဲ့လုပ်ငန်းကို Traditional နည်းလမ်းတွေနဲ့ စီမံခန့်ခွဲခြင်းက မလိုအပ်ဘဲ HR Process တွေကိုအချိန်ကုန် နှောင့်နှေးစေနိုင်တဲ့အတွက် အခုလို တိကျလျင်မြန် မှန်ကန်တဲ့ HR System ကို စတင် အသုံးပြုပြီး တန်ဖိုးရှိတဲ့ အချိန်တွေကို ခြွေတာနိုင်ပါတယ်။
Innovix HR အနေနဲ့ စီးပွားရေးလုပ်ငန်းတွေရဲ့ Start Up အချိန်ကနေ Enterprise Level အထိ HR Department ရဲ့ တာဝန်တွေအားလုံးကို ပိုမိုလျင်မြန်လွယ်ကူစွာ လုပ်ဆောင်နိုင်ဖို့ အပြည့်အဝ ကူညီဆောင်ရွက်ပေးလျက် ရှိနေပါတယ်။